သင့်ကား၏ အင်ဂျင်စွမ်းဆောင်ရည်နှင့် သက်တမ်းကြာရှည်သုံးနိုင်ရန်အတွက်Filter အသုံးပြုရန် လိုအပ်ပါသည်။ သို့သော်အရည်အသွေးနိမ့်သည့်Filter များကိုအသုံးပြုမိပါကFilter အုံ ပွင့်ထွက်ခြင်း၊ ဆီပိတ်/ဆီစိမ့်ခြင်းနှင့် ကားအင်ဂျင်စွမ်းဆောင်ရည်ကို ထိခိုက်စေခြင်းတို့ ဖြစ်နိုင်ပါသည်။ ဂျာမနီနိုင်ငံမှထုတ်လုပ်သောMAHLE Oil Filter များသည် အရည်အသွေးမြင့်မားသည့် စက္ကူသားကိုအသုံးပြုထားပြီးFilter အုံသည် အပူချိန် ခံနိုင်ရည်ကိုအမြင့်ဆုံး20 Bar ထိ ခံနိုင်ရည်ရှိပါသည်။Pressure Relief Valve သည် အပူချိန်နိမ့်ပြီး အေးသည့်အချိန် ဆီများ စေးကပ်ခြင်း၊ အညစ်အကြေး များပြားနေခြင်းနှင့် လဲလှယ်ရမည့်အချိန် ကျော်သွားသည့်အခြေအနေ ရောက်သည့်တိုင်အောင် ဆီထောက်ပံ့မှု ရနိုင်စေရန် ပြုလုပ်ထားပါသည်။ အင်ဂျင် စက်သပ်လိုက်သည့်အချိန်filter အတွင်း ဆီတန်ပြန်ယိုစီးခြင်းနှင့် စက်နှိုးသည့်အချိန်တွင် လုံလောက်သည့်ဆီရစေရန် ပြုလုပ်ထားပါသည်။ သို့သော် ဆီစစ်(Oil Filters)များ၏ စွမ်းဆောင်ရည် အပြည့်အဝရရှိရန်မှာ မော်တော်ယာဉ်ထုတ်လုပ်သူများမှ သတ်မှတ်ထားသည့် ပြုပြင်ထိန်းသိမ်းရမည့် အချိန်တွင် အစားထိုး လဲလှယ် အသုံးပြုပေးရပါမည်။

MAHLE Cartridge Oil Filters

Bottom Sidebar